တောလည်ရာကျမ်း ၁၄း၈
ထာဝရဘုရားသည် ငါတို့ကို နှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်းပေးတော်မူလိမ့်မည်။
မိတ်ဆွေသေချာစဉ်းစားပါ။ သင်ဟာ ဘုရားနှစ်သက်အောင် အသက်ရှင်နေလား။ ဘုရားမနှစ်သက်တာတွေကိုလုပ်ပြိး အသက်ရှင်နေသလား။
အကယ်၍ သင်ဟာ ဘုရားနှစ်သက်ဖွယ်သော အသက်သာနှင့် အသက်ရှင်နေတယ်ဆိုရင်တော့ မိတ်ဆွေရဲ့အသက်သာမှာ ဘုရားရဲ့ ကတိတော် အမှန်တကယ်ပြည့်စုံလာမှာဖြစ်ပါတယ်။
အကယ်၍ သင်ရဲ့ လုပ်ဆောင်ချက်တွေ အသက်ရှင်မှုတွေက ဘုရားရွံရှာစရာဖြစ်နေမယ်ဆိုရင်
မိတ်ဆွေရဲ့ ကြိုးစားအားထုတ်နေသမျှ အရာအားလုံးက အချည်းနှီးသက်သက်သာလျင်ဖြစ်ပါတယ်။
ဒါကြောင့် ဒီလောကကြိးမှာ အသက်ရှင်တဲ့အခါ ဆင်းရဲနွမ်းပါးနေလို့ မိမိဘ၀တိုးတက်အောင် ကြိုးစားအားထုတ်တဲ့အခါမှာ ဘုရားသခင် နှစ်သက်သော အသက်တာဖြစ်ဖို့အရေးကြီးပါတယ်။
သင်သည် ဘုရားသခင် နှစ်သက်သောသူဖြစ်လျှင် သင့်အသက်သာမှာ ဘုရားရှင်ထံမှ ချိုမြိန်သော၊ ပြည့်စုံသော ကောင်းကြီးမင်္ဂလာကို သင်ရရှိမှာဖြစ်ပါတယ်။
No comments:
Post a Comment
လာလည်ကြသောချစ်မိတ်ဆွေများ ဝေဖန်သုံးသပ်အကြံပေးသွားကြပါအုံး---