Pages

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၃း ၅ တပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုအသက်ကို ကယ်တင်လိမ့်မည်။

falling star

Blogger Widgets Blogger Widgets

Tuesday, August 6, 2013

ရှင်ပြန်ထမြောက်တော်မူသောအရှင်

                        
                        ဘုရားသခင်ကိုသိလို၍ မြည်းစမ်းသူမှာ လက်တွေ့ သက်သေမရပဲမနေပါ။
  ရှင်ပြန်ထမြောက်ခြင်းသည် စကားသက်သက် မဟုတ်ပါ။ သက်သေရလို၍ ဆုတောင်းပြီး၊
  သက်သေရပါလျှက်နှင့် မယုံသူသည် ဘုရားသခင်ကို စုံစမ်းသောသူဖြစ်သည်။ ထိုသူသည်
  ဘုရားသခင်၏ လက်တော်နှင့် သတိပေးဆုံးမခြင်းကိုခံရမည်။ ( လုကာ၊ ၂၄း၁၃) တွင်       တပည့်တော်နှစ်ယောက်တို့ သည် ခရီးပြုကြရင်း၊ ကိုယ်တော်အသေခံရခြင်းကို ဆွေးနွေးပြော
   ဆိုလျှက်ရိကြပါသည်။ တချို့ သောအချိန်များတွင် ခရစ်ယာန်များသည် ဝမ်းသာစရာကို 
    မကြည့်တတ်ကြသောကြောင့် ဝမ်းနည်းစရာကိုသာ မြင်ကြရသည်။ တပည့်တော်များ ဆွေးနွေး
  နေချိန်တွင် သူတို့ အနီး၌ ကိုယ်တော်ရှိသည်ကို မသိကြပါ။ သူတို့ သည်လောကီသဘာဝတရား
  ကိုသာ အာရုံစိုက်နေကြသည်ဖြစ်၍ ကိုယ်တော်ကိုမတွေ့ ကြ၊ ထို့ အတူ ယနေ့ ခရစ်ယာန်များက
  ခရစ်တော်၏အကြောင်းကို များစွာပြောဆိုနေကြသော်လည်း အနီး၌ကိုယ်တော်ရှိသည်ကို
  မသိကြ ၊ မြင်ရသောအပြင်အခြေအနေကိုကြည့်ပြီး အသိတရားနှင့် ဆင်ခြင်တိုင်းတာနေသောကြောင့်
  သခင်ယေရှု၏ ရှင်ပြန်ထမြောက်တော်မူကြောင်းကို စကားအဖြစ် ကြားနေရသော်လဲ နှလုံးသားနှင့်
  အသက်သာ၌မခံစားကြရပါ။ အသိတရားအဆင့်၌သာ ရပ်တန့် နေကြသည်မှာ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။
  တပည့်တော်များကို မိန်းမတို့ က ကိုယ်တော် ရှင်ပြန်ထမြောက်ကြောင်း
ပြောဆိုသည့်အခါ တပည့်
  တော်တို့ မယုံကြည်ကြသကဲ့သို့ ယနေ့ များစွာသောသူများသည် ကိုယ်တော်၏ ရှင်ပြန်ထမြောက်တော်မူ
   ကြောင်းကို ကြားရသေည်လည်း မယုံကြည်ကြပါ။ ထိုသို့ သောသူများကို ကိုယ်တော်က စိတ်ခိုင်မာ
  သောသူများဟု ဆိုပါသည်။ 
                     ကိုယ်တော်ကိုယုံကြည်နိုင်ဖို့ ရန် သက်သေရစိပ့်သောငှာ  အိမ်၌ အခက်အခဲ
  ပြဿနာများကြုံရတက်ပါသည်။  ထို အခက်အခဲ ပြဿနာကြောင့် ကိုယ်တော်ကို ဆုတောင်းသောအခါ 
  ကိုယ်တော်သည် အသက်ရှင်တော်မူသော အရှင်ဖြစ်ကြောင်း ၊ ကျွန်ုပ်တို့ အား အခက်အခဲပြဿနာအထဲမှ
  ကယ်လွတ်ပြီး ယုံနိုင်ဖို့ ရန် သက်သေပေးမည်ဖြစ်ပါသည်။ ကိုယ်တော်က “ ငါသည် သင့်ကိုမစွန့် ၊
  သင့်ကိုအလျင်းပစ်၍မထား” ဟု ကတိထားတော်မူပါသည်။ ထို့ အပြင် နှစ်ဦးသုံးဦးသော ယုံကြည်
  သူများစုဝေးရာ အလယ်၌ ကိုယ်တော်ရှိပါသည်။ အိမ်ထောင်စည်းဝေးများ၌ ကိုယ်တော်လာပါသည်။
  နေရာတိုင်းတွင် တချိန်တည်း၌ရှိနိုင်ခြင်းမှာ ရှင်ပြန်ထမြောက်တော်မူသောအရှင် ဖြစ်သည်သာမက
  ကောင်းကင်သို့ ချီဆောင်ခြင်းကို ခံယူတော်မူသောကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ကျွန်ုပ်တို့ သည်
  ကိုယ်တော်အားဖြင့်ရရှိသည့် ၊ သေပြီးနောက် ခံစားရမည့်အာမခံချက်အပေါ်တွင်သာ ကျေနပ်မနေသင့်ပါ။
                                                 ဆရာတော် ဦးတင်မောင်ထွန်း၏  တရားဒေသနာပေါင်းချုပ်
                                                                                မှ
                                                                 ကူးယူရေးသားတင်ပြပါသည်
                                                                                 ကျေးဇူးတင်လျှက်
                                                                                               lisu heaven

No comments:

Post a Comment

လာ​လည်​ကြ​သော​ချစ်​မိတ်ဆွေ​များ ဝေ​ဖန်​သုံး​သပ်​အ​ကြံ​ပေး​သွား​ကြ​ပါ​အုံး​---