အသွေး ဘယ်လောက်ထိအရေးကြိးလဲ သိလား မိတ်ဆွေ။ သွေးအားဖြင့် လူ့အသက်တစ်ချောင်းထက်မက ကယ်နိုင်တယ်။ သမ္မာကာလမှာဆီုရင် အသွေးအားဖြင့် အပြစ်ဖြေခဲ့တယ်။ ယနေ့ ကျွန်တော်တို့က တကယ်ကံကောင်းတဲ့သူတွေပဲဖြစ်တယ်။ အသွေးနဲ့ အပြစ်ဖြေစရာမလိုတော့ဘူး။ ဘာလို့လဲ? ခရစ်တော်က ကျွန်တော်တို့ကိုယ်စား သူ့အသွေးတော် လက်ဝါးကားတိုင်ပေါ်မှာသွန်းလောင်းပြိး ကျွန်တော်တို့ကို အပြစ်ကိုဆေးကြောပေးခဲ့လို့ပဲဖြစ်တယ်။
ဒီကနေ့ သင့်သွေးအားဖြင့် လူ့မသက်ကို ကယ်နိုင်သလို၊ သင့်သွေးက စကားပြောတယ်ဆီုတာ ယုံသလား။ သမ္မာဟောင်းကာလကို ကြည့်မယ်ဆီုရင် အာဗေလ နဲ့ ကာက္ကန အကြောင်းကို ဖတ်ခြင်းဖြင့်သိနိုင်ပါတယ်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၄။ အာဗေလကို ဘုရားသခင်က သင့်ညီ ကာက္ကန ဘယ်မှာလဲ မေးတော့ သူဘာပြောလဲ ငါက သူ့ကို စောင့်တဲ့သူမဟုတ်ဘူးတဲ့။ ဒါပေမယ့် ဘုရားက ပြန်ပြောတယ် သင့်ညီရဲ့သွေးက မြေကြီးထဲကနေ စကားပြောနေတယ်တဲ့။ ဒီအရာကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့သွေးက စကားပြောတက်တယ်ဆီုတာ သိနိုင်ပါတယ်။ သင့်ရဲ့လုပ်ဆောင်မှုတွေကို သင့်သွေးအားဖြင့် ဖော်ပြမှာဖြစ်တယ်။ ဒါကြောင့်မို့ ဘုရားရှေ့မှာ ဘယ်အရာမှ ဖုံးကွယ်ထားလို့မရဘူး။
သွေးက သင့်အတွက် ဒါမှမဟုတ် သင့်ရဲ့သက်သေဖြစ်သလို ခရစ်တော်ရဲ့ အသွေးကလဲ ကျွန်တော်တို့အတွက် သက်သေပဲဖြစ်ပါတယ်။ ဘုရားရှေ့မှာ ဒီလူဟာ အပြစ်မရှိဘူးဆီုတာကို ဒီအသွေးကပဲ သက်သေထူပေးနေတာဖြစ်တယ်။
No comments:
Post a Comment
လာလည်ကြသောချစ်မိတ်ဆွေများ ဝေဖန်သုံးသပ်အကြံပေးသွားကြပါအုံး---