Pages

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၃း ၅ တပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုအသက်ကို ကယ်တင်လိမ့်မည်။

falling star

Blogger Widgets Blogger Widgets

Sunday, July 21, 2013

ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခံရသူ


                          “ သားတော်ကိုရသောသူသည် အသက်ကိုရ၏။” ခရစ်တော်ကို ရသောသူသည် အတွင်းသက်သေရှိပါသည်။ ခရစ်ယာန်အသက်တာသည် ပြင်ပမှသဏ္ဍာန်လုပ်ပြီး ဟန်ထုတ်၍ ရှင်သန်ရသောအသက်တာမဟုတ်။အပြင်သဏ္ဍာန်အားဖြင့် မည်သို့ အသက်ရှင်စေကာမူ အတွင်းသက်သေမရှိပါက အမည်အားဖြင့် ခရစ်ယာန်ဟု ခေါ်စေကာမူ ငရဲကျမည်သာဖြစ်သည်။ အပြင်သဏ္ဍာန်အားဖြင့် ခရစ်ယာန်ဖြစ်ခြင်းထက် အသက်ရှင်သောဘုရားနှင့် အတွင်းနာမ်ဝိညာဉ်၌
ဆက်သွယ်မှု ရပြီးအတွင်းသက်သေရှိနေဖို့ လိုပါသည်။ခရစ်တော်ကိုအမှန်တကယ် ယုံကြည်၍
နှလုံးသား၌ သက်သေရရှိထားသူသည် အခြားသူတစ်ဦးက မည်သို့ ပြစ်တင်ဝေဖန်ပါစေ မတုန်လှုပ်ပါ။
အတွင်းသက်သေက သူ့ အားငြိမ်သက်ခြင်းကိုပေးပါသည်။ဘုရားသခင်၏သားဖြစ်သောသူသည်
ဘုရားစကားကို နာခံလိုက်လျှောက်တတ်သည်။( ယော၊ ၈း၁၄)  ဘုရားသခင်၏ သားသမီးဖြစ်ပါလျှက်
ဘုရားစကားကို နားထောင်လိုက်လျှောက်ခြင်းမရှိပါက ဝိညာဉ်တော်၏ဆုံးမပဲ့ပြင်ခြင်း ကိုခံရမည်။
ထိုသူသည်ကောင်းချီး
မင်္ဂလာကိုမခံစားရပါ။ ယုံကြည်သူဟုဆိုပြီးမှ ဘုရားစကားကို နားထောင်ခြင်းမရှိ၊
ဆိုးညစ်သော အမှုကို ပြုနေပါလျှက် ဆုံးမပဲ့ပြင်ခြင်းကို မခံစားရပါက အသက်တာကိုစစ်ဖို့ လိုပါသည်။
ထိုသို့ သောသူသည် ယုံကြည်သူဖြစ်ကြောင်းမသေချာပါ။ စစ်မှန်သော ယုံကြည်သူဖြစ်ပါက  စကားတော်
ကိုနားထေင်လျှက် အသက်ရှင်လျှင် ဘုရားရှင်ထံတော်က ကောင်းချီးမင်္ဂလာကိုခံစားရမည်ဖြစ်သည်။
( မဿဲ၊ ၂၅း )   တွင် သတို့ သမီးဆယ်ယောက်ကိုတွေ့ ရသည်။ထိုသတို့ သမီးအားလုံးသည် မီးခွက်ကိုယ်စီရှိကြပါသည်။ သို့ သော် သတို့ သမီးငါးဦး၌သာ ဆီရှိပါသည်။ ယခုခေတ်ကာလတွင် ရှိကြသောသူအများစုသည်လည်း အပြင်သဏ္ဍာန်အားဖြင့် ခရစ်ယာန်ယုံကြည်သူ၏ သဏ္ဍာန်ကိုတွေ့  ရသော်လည်း အထက်ဖော်ပြပါ သတို့ သမီးများကဲ့သို့ အရေအတွက်အားဖြင့် ထက်ဝက်သာ ဆီရှိသော အစုထဲ၌ ပါဝင်နေပါက ဝမ်းနည်းစရာကောင်းလှပါသည်။ ထို့ ကြောင့် ဆီရှိရန် မည်သည့် အရာလိုအပ်ပါသနည်း။ ကောင်းသောအကျင့် လိုအပ်ပါသလား။ ကျင့်ယူ၍လဲ မရနိုင်ပါ။
သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်းဖြင့် သန့် ရှင်းသောဝိညာဉ်တော်၏
တံဆိပ်ခပ်ခြင်းတည်းဟူသော ဆီရှိကြဖို့ သာလိုအပ်ပါသည်။  သို့ မှသာ အတွင်းသက်သေကို ခံစားရ
ပြီ ထာဝရကာလ၏ အာမခံချက်ကို ခံစစားကြရမည်ဖြစ်ကြောင်း........... မေတ္တာနှင့် ဝေငှပါသည်။

                                               တရားဒေသနာပေါင်းချုပ် ၊
                                                               ဆရာတော် ဦးတင်မောင်ထွန်း
                                                                                      မှ ကူးကားဝေငှပါသည်

No comments:

Post a Comment

လာ​လည်​ကြ​သော​ချစ်​မိတ်ဆွေ​များ ဝေ​ဖန်​သုံး​သပ်​အ​ကြံ​ပေး​သွား​ကြ​ပါ​အုံး​---