Pages

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၃း ၅ တပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုအသက်ကို ကယ်တင်လိမ့်မည်။

falling star

Blogger Widgets Blogger Widgets

Saturday, June 8, 2013

့သင်ဟာ ခရစ်ယာန်လား.....ခရစ်တော်ရဲ့နောက်လိုက်လား။။။။။။





              ခရစ်ယာန်တော်တော်များများရှိတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ခရစ်တော်နောက်လိုက်ကတော့ ရှားပါတယ်။ ခရစ်ယာန်ဖြစ်ဖို့ဆီု လွယ်တယ် ဒါပေမယ့် ခရစ်တော်နောက်ကို လိုက်ဖို့တော့ ခက်ခဲတယ်။ အဲဒါတွေ လူတွေတော်တော်များများက မသိကြဘူး။ အတူတူပဲလို့ ထင်နေတဲ့သူတွေများတယ်။ ခရစ်ယာန်ဖြစ်ရုံနဲ့ ကောင်းကင်ဘုံကို ရောက်မှာမဟုတ်ဘူး။ ခရစ်တော်နောက်ကို လိုက်ပြိး ခရစ်တော်ကို မိမိရဲ့ဘ၀မှာ နေရာပေးသောသူသာလျှင် ကောင်းကင်ဘုံကို ၀င်စားရမှာဖြစ်တယ်။ ဘာကိုပြောချင်တာလဲဆီုရင် ခရစ်ယာန်ဖြစ်မဖြစ်ဆီုတာ အရေးမကြိးဘူး။ သင်ဟာ ခရစ်ယာန်ဖြစ်တယ်ဆီုပြိး ခရစ်တော်နောက်ကို မလိုက်သောသူသည် အချည်းနှိးသက်သက်ပဲဖြစ်တယ်။ ဒါကြောင့် တကယ် စစ်မှန်တဲ့ ခရစ်ယာန်ဆီုတာ ခရစ်တော် ဘယ်လို အသက်ရှင်သလဲ။ ခရစ်တော် ဘယ်လိုသွန်သင်ထားလဲဆီုတာကို လိုက်လျောက်သောသူဖြစ်တယ်။


ခရစ်ယာန်ဖြစ်တာကို မ၀ါကြွားပါနဲ့။ ခရစ်ယာန်ဆီုတဲ့နာမည်က သင့်ကို ဘုရားသခင့်ရှေ့တော်သို့ ပို့ဆောင်ပေးမှာမဟုတ်ပါဘူး။ ခရစ်ယာန်တစ်ယောက်လို ခေါ်ခံထိုက်သောသူသည် ခရစ်တော်ရဲ့ နောက်လိုက်စစ် ဖြစ်ရန်အလွန်အရေးကြိးပါတယ်။ အမည်ခံခရစ်ယာန်တွေ များစွာရှိတယ်။ ယနေ့ မိတ်ဆွေ ကိုယ်တိုင် စမ်းစစ်ကြည့်ပါ။ ငါဟာ အမည်ခံခရစ်ယာန်လား။ ခရစ်တော်နောက်လိုက်နေတဲ့ စစ်မှန်သောခရစ်ယာန်လားဆီုတာကို။ နားလည်ဖို့ရန် ဘုရားသခင်အထူးကောင်းကြိးပေးပါစေ။

No comments:

Post a Comment

လာ​လည်​ကြ​သော​ချစ်​မိတ်ဆွေ​များ ဝေ​ဖန်​သုံး​သပ်​အ​ကြံ​ပေး​သွား​ကြ​ပါ​အုံး​---