လောကမှာ လူရေလို့ဖြစ်လာပြီဆီုရင် ပြဿနာတစ်ခုမဟုတ်တစ်ခုနဲ့တော့ ကြုံရစမြဲပါပဲ။
လူဆီုတာ....အိုခြင်း၊ နာခြင်း၊ သေခြင်း နဲ့ ဘယ်သူကင်းလွက်နိုင်မှာတဲ့လဲ။
ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့။။။ တစ်ခါတစ်လေမှာ ကိုယ်က ပြဿနာလေး တစ်ခုနဲ့ကြုံလိုက်တာနဲ့ ဘာလုပ်လို့ လာကိုင်ရမှန်းမသိဖြစ်တက်တဲ့အချိန်တွေရှိတက်ပါတယ်။
ပြဿနာဆီုတာ တကယ်တော့ ကြောက်စရာမဟုတ်ပါဘူး။
ခရစ်တော်ဘုရားက ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်ကတည်းက ကျွန်တော်တို့ကို အခက်အခဲ ပြဿနာတွေကြားထဲက လွတ်မြောက်ခြင်းအခွင့်ကို ပေးထားပြိးဖြစ်တယ်။
အခက်အခဲပြဿနာတွေထဲမှာ ကျဆုံးပြိး ဘ၀ကို အရုံးပေးဖို့ ဘုရားရှင်အလိုမရှိပါဘူး။ ဒီအခက်အခဲတွေ ပြဿနာတွေကြားထဲကနေ ဘုရားကို သတိရဖို့ ဘုရားနဲ့ ပိုပြိးနီးကပ်ဖို့ပဲဖြစ်တယ်။
သမ္မာကျမ်းစာထဲမှာကြည့်မယ်ဆီုရင် ဘုရားသခင်က ယောဘကို စုံစမ်းဖို့ စာတန်ကို အခွင့်ပေးခဲ့တယ်။
အဲဒါဘာအတွက်လဲဆီုရင် ဘုရားကို ယုံကြည်တဲ့နေရာမှာ ခိုင်မြဲဖို့၊ ပြိးတော့ ဘုရားက သူ့အပေါ်ဘယ်လောက်သစ္စာရှိတယ်ဆီုတာ သိစေချင်လို့ ဒါတင်မကဘူး သူက ယောဘကို ယုံကြည်ခြင်းကိုသိလို့ပဲဖြစ်ပါတယ်။ ယနေ့ အခက်အခဲ ပြဿနာတိုင်းက ဘုရားဆီက လာတာမဟုတ်ပါဘူး။ စာတန်မာနတ်ဆီကလဲ လာနိုင်တယ်။ ဒါကြောင့် အရေးကြိးတာ ဘယ်ကလာတယ်ဆီုတာမဟုတ်ဘူး။ ဒီပြဿနာတွေ အခက်အခဲတွေကို ဘယ်လို အောင်မြင်အောင်လုပ်မလဲ ဆီုတာပဲ အရေးကြိးပါတယ်။ ဒီလောက်လေးကတော့ ဘုရားအတွက် သေးသေးလေးပါ ဆီုတဲ့ အသိစိတ်နဲ့ ဘုရားရှင်ထံအပ်နှံပြိး ဖြေရှင်းဖို့ရန်လိုအပ်ပါတယ်။ ကိုယ်ပိုင်အစွမ်းအစနဲ့တော့ ဖြေရှင်းနိုင်ပေမယ့် မလွယ်ကူပါဘူး။ ဒိတော့ အလွယ်ကူဆုံးပြဿနာဖြေရှင်းဖို့အတွက် ဘုရားကို မိမိရဲ့ရှေ့နေတစ်ယောက်လို အားကိုးဖို့လိုအပ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းအောင်မြင်သွားတဲ့
အချိန်လောက်ပျော်စရာကောင်းတဲ့အချိန်ရှိပါဘူး။ ဒီတော့ ပြဿတွေကို ရဲရဲစိန်ခေါ်လိုက်ပါ။ ဒါပေမယ့် ဘုရားတော့ အမြဲအတူရှိုဖို့တော့ လိုတယ်နော်။
နားလည်ဖို့ရန် ဘုရားရှင်ကောင်းကြီးပေးပါစေသော်...............
No comments:
Post a Comment
လာလည်ကြသောချစ်မိတ်ဆွေများ ဝေဖန်သုံးသပ်အကြံပေးသွားကြပါအုံး---