Pages

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၃း ၅ တပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုအသက်ကို ကယ်တင်လိမ့်မည်။

falling star

Blogger Widgets Blogger Widgets

Monday, December 9, 2013

ကျွန်တော့်ဘဝထဲက တစ်စိပ်တစ်ဒေသ

         အခုတလော ကျွန်တော့်ရဲ့စိတ်ထဲမှာ  ဘဝတကွေ့ မှာတွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတခုကို
 သက်သေခံရေးသားဖို့ သန့် ရှင်းသောဝိညာဉ်တော်က နိုးဆော်နေလို့  ဒီသက်သေခံချက်လေးကို
 စာလုံးတွေဖြစ်အောင်ကြိုးစားပြီး ရေးသားသက်ခံလိုက်ပါတယ်....
        ဟိုးလေးငါးနှစ်လောက်ကပေါ့ ကျွန်တော်ဟာ တေပေသောက်စား ဘိန်းစားဘဝနဲ့ နေထိုင်ရင်းနဲ့ 
 တနေ့ မှာအမေကနင်ထိုင်းကိုသွားတော့ လို့ ဆိုလာတယ် အဲဒီအချိန်မှာ ကျွန်တော်လေ စိတ်ထဲတော့ဘယ်ကောင်းမလဲ ... ဘာလို့ လဲဆိုတော့ ငါထိုင်းသွားရင် ဘိန်းဘယ်ကရှာလို့ ရမှာလဲပေါ့

ဒီလိုနဲ့  တနေ့ မှာတော့ လေယာဉ်လက်မှတ်ရလာတယ် Air Bagan လေယာဉ်ပါ။ ဒီလိုနဲ့ စီးနှင်းလိုက်ပါရ
မဲ့နေ့ ရောက်လာပါတော့တယ် ကျွန်တော်ရယ် ညီမအငယ်ဆုံးလေးရယ် အမေရယ်ပေါ့ ။ ဒီလိုပဲ ညီမလေးကတော့လေယာဉ်မစီးဖူးတော့ပျော်နေတာပေါ့ ...... နောက်ဆုံးတော့ လေယာဉ်ပေါ်တက်ရန်အချိန်ရောက်လို့ တက်စီးလိုက်ပါလာခဲ့ရပါတော့တယ်...
                       ဒါပေမဲ့မကြာလိုက်ပါဘူး လေယာဉ်ပျံက မိုးပေါ်တက်လိုက် ထိုးကျလိုက် ပြေးလမ်းပေါ်မှာ.....  ပြေးတက်မရပဲ ပြေးလမ်းသာကုန်သွားတယ် လေယာဉ်က မိုးပေါ်မရောက်ပဲ ပြေးလမ်းဆုံးတော့ သက်ကယ်တော ကိုဖြတ်  ချောက်ငယ်တစ်ခုဆီ ထိုးကျသွားခဲ့တယ်
 လေယာဉ်ကတော့ ခါးကနေ နှစ်ပိုင်းကျိုးသွားခဲ့တယ်ပေါ့
                  လေယာဉ်ဟာပြေးလမ်းပေါ်ကနေကျော်လို့  သက်ကယ်တောထဲ အရှိန်အဟုန်နဲ့ ပြေးနေခိုက်
ကျွန်တော်စိတ်ထဲမှာတော့ အိုးဘုရားသခင် ဒီနေ့ တော့သေရတော့မယ်ထင်တယ် ဆိုပြီးတော့ ....
ဘုရားသခင် ကျွန်တော့်ကိုကယ်ပါလို့ စိတ်ထဲကနေတလိုက်မိပါတယ် ... ဒီလိုတ .. လဲပြီးရောလေယာဉ်ဟာ
ချောက်ထဲရောက်နေပါပြီ..
                
ကျွန်တော်ဟာတေပေဆိုးသွမ်းနေပေမဲ့ ကျွန်တော့်ရဲ့ တမ်းတဆုတောင်းသံကိုတော့ အဖဘုရား နားညှောင်း ကယ်မခဲ့ပါတယ် လေယာဉ်ဟာ ခါးနှစ်ပိုင်းကျိုးသွားပေမဲ့ မီးလောင်ပေါက်ကွဲခြင်းမရှိရုံမက
ဒဏ်ရာကြီးကြီးရသူတောင်မရှိခဲ့ပါဘူး ။ လေယာဉ်မူးကတော့ ဒဏ်ရာ အပြင်းဆုံးပဲ .....
               ဒါ့ကြောင့်ချစ်သော သူငယ်ချင်း မိတ်ဆွေ တို့  သင်တို့ ရဲ့ဘဝမှာ အခက်အခဲပြသနာတစ်ခုခု
ကြောင့် ဖြေရှင်းမရ ဖြစ်ပြီး ဒုက္ခရောက်နေပါသလား..
          ယေရှုဘုရားကို တမ်းတဆုတာင်းကြည့်လိုက်ပါ ။.. သင့်ရဲ့ပြသနာတွေထဲက အမှန်တကယ်
  လွှတ်မြောက်ခြင်းရပါလိပ်မယ် ဆိုတဲ့အကြောင်း ရေးသားသက်သေခံပါတယ်။.. 
                 အလုံးကို လေးစားလျှက်.......  lisu heaven

No comments:

Post a Comment

လာ​လည်​ကြ​သော​ချစ်​မိတ်ဆွေ​များ ဝေ​ဖန်​သုံး​သပ်​အ​ကြံ​ပေး​သွား​ကြ​ပါ​အုံး​---