နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။
ရှင်မဿဲခရစ်ဝင်ကျမ်း ၆း၃၃
ကျွန်တော်ယုံကြည်ပါတယ်။ ဒီကျမ်းပိုဒ်ကိုမြင်တာနဲ့ ဘာပြောတာလဲလို့ အားလုံးနားလည်လီမ့်မည်။ ပြိးတော့ ပြောကြပါအုံးမယ်။..ဒီလိုလေးတွေ.....
ကျွန်တော်ရိုးရိုးလေးပဲ ဒီလိုလေး ပြောပြချင်ပါတယ်။ ဒီကျမ်းချက်လေးကို ဖတ်လိုက်တဲ့အချိန်မှာ အဓိကအားဖြင့် အချက်နှစ်ချက်ကိုပဲ တွေ့ရတယ်။ အရင်လုပ်ရမယ့်အရာနဲ့ နောက်မှာရမည့်အရာ။လိုရင်းပြောမယ်ဆီုရင် ရှေ့ကအရာနဲ့ နောက်ဖြစ်မယ့်အရာပေါ့။
နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း
နိုင်ငံတော်ဆီုတာ ဘယ်မှာလဲ။ကောင်းကင်မှာလား မြေကြိးပေါ်မှာလား။ နိုင်ငံတော်ဆီုတာ ကောင်းကင်မှာလဲ မဟုတ်ဘူး။ မြေကြီးပေါ်မျာလဲမဟုတ်ဘူး။ ခရစ်တော်ယေရှုဘုရားက ဖာရိရှဲတွေနဲ့ စကားပြောတဲ့အချိန်မှာ ဒီလိုပြောခဲ့တယ်။ နိုင်ငံတော်ဟာ ဟိုမှာ၊ ဒီမှာဆီုပြိး ပြစရာမရှိဘူး။ နိုင်ငံတော်က သင်တို့အထဲမှာပဲရှိတယ်။ သင်တို့အထဲလို့ပြောတော့ လူတစ်ချို့က ပြောကြတယ်။ ဘုရားရဲ့နိုင်ငံတော်ဟာ လူခန္ဓ္ဓ္ဓာကိုယ်ထဲမှာရှိတယ်လို့။ အဲဒါလဲ မှန်သလိုနဲ့မှားပါတယ်။ ဘာလို့လဲ ဆီုရင် ခရစ်တော်က သင်တို့အထဲမှာရှိတယ်လို့ ပြောတဲ့အချိန်မှာ သူက ဖာရိရှဲတွေရဲ့ အလယ်မှာရပ်ပြိးပြောခဲ့ဖြစ်တယ်။ အဲဒါကို နားလည်အောင်ပြောရမယ်ဆီုရင်.... ကျွန်တော်တို့ အတန်းတစ်တန်းထဲက လူတစ်ယောက်ကို ပြောချင်ရင် သင်တို့ထဲက လို့သုံးနူန်းကြတာနဲ့ အတူတူပဲဖြစ်ပါတယ်။
နိုင်ငံတော်ဆီုတာ ဟိုမှာလဲမဟုတ်ဘူး။ ဒီမှာလဲမဟုတ်ဘူး။ နိုင်ငံတော်က ခရစ်တော်ပဲဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံတော်ကို ရှေးဦးစွာရှာဆီုရင် ဘာလုပ်ရမလဲ။ ခရစ်တော်ကို အရင်ရှာခိုင်းတာဖြစ်တယ်။
ဖြောင့်မတ်ခြင်း
-ဖြောင့်မတ်ခြင်းလို့ ပြောတဲ့အခါမှာ ဒီလောကမှာ ဖြောင့်မတ်တဲ့သူဆီုလို့ တစ်ယောက်မှမရှိပါဘူး။ ဖြောင့်မတ်သေသူ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူဆီုလို့ ခရစ်တော် တစ်ပါးတည်းသာရှိပါတယ်။ ခရစ်တော်၌ရှိသော စိတ်သဘောထားကို သင်တို့၌လဲ ရှိစေကြလော့။ ဒါကြောင့်မို့ ခရစ်တော်နည်းတူ မဖြောင့်မတ်နိုင်ရင်တောင် ခရစ်တော်ဖြောင့်မတ်သလို ခရစ်တော်အသက်ရှင်ခဲ့သလို၊ ခရစ်တော်နဲ့ တူအောင် ကျင့်ကြံပြိးအသက်ရှင်ဖို့လိုပါတယ်။ ခရစ်တော်နှင့်တူညီသော အသက်တာဟာ ခရစ်ယာန်အသက်တာထဲမှာ အလွန်အင်မတန်မှ အရေးကြိးပါတယ်။ဒါကြောင့်မို့ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာကြလော့ဆီုတာ အဝေးကြိးမစဉ်းစားပါနဲ့။ အဖြေက ရိုးရိုးလေးပါ။ ခရစ်တော်ကို အရင်တွေ့အောင်ရှာ။ ပြိးရင် ခရစ်တော်ကဲ့သို့အသက်ရှင်ပါလို့ ပြောတာဖြစ်ပါတယ်။
ကျန်တဲ့ နောက်အရာတွေကို နောက်ရက်မှာပြန်ပြိး ကြိုးစားရေးသားဖော်ပြပေးသွားပါမယ်။
နားလည်ဖို့ရန်အားလုံးအပေါ် အထူးကောင်းကြိးပေးပါစေ...
ခရစ်တော်နာမ၌-
nyinyi@samuel
No comments:
Post a Comment
လာလည်ကြသောချစ်မိတ်ဆွေများ ဝေဖန်သုံးသပ်အကြံပေးသွားကြပါအုံး---